Galaxy Software Company မှ ရေးဆွဲ ထုတ်လုပ်ထားသော iStock Enterprise Solution သည် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာနေသော အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ သာမက Enterprise လုပ်ငန်းကြီး များအထိ အသုံးပြုနိုင်ပြီး လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းခွဲများမှ စာရင်းဇယားများကို Internet Connection ချိတ်ဆက်ထားရုံဖြင့် အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ စီမံခန့်ခွဲထိန်းချုပ်အသုံးပြုနိုင်မည့် Cloud-Based Inventory Control System တစ်ခုဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းခွဲများအားလုံး၏ စာရင်းဇယားများကို System တစ်ခုတည်းဖြင့် အချိန်မရွေး၊ နေရာမရွေးမှ ထိန်းချုပ်ပြီး စီမံခန့်ခွဲနိုင်သောကြောင့်အချိန်နှင့်ငွေကြေးကုန်ကျမှုများကို လျော့ချနိုင်ပြီး လုပ်ငန်း ခွဲအချင်းချင်းစာရင်းဇယားများနှင့်ပတ်သက်သော အချက်အလက်များကိုအချိန်နှောင့်နှေးကြန့်ကြာမှု မရှိပဲ အမြန်ဆုံးနဲ့ အထိရောက်ဆုံးသိရှိစီမံ ခန့်ခွဲနိုင်ရန်အတွက် ရည်ရွယ်ကာ ရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ iStockEnterprise Solution အားအသုံးပြုခြင်းကြောင့် အားသာချက်များအနေဖြင့် - ကုန်ပစ္စည်းစာရင်းများကို စနစ်တကျ မှန်မှန်ကန်ကန်စီမံနိုင်မည့်အပြင် ဆိုင်ခွဲများမှ ကုန်ပစ္စည်းစာရင်းများကိုပါ တစ်ပါတည်းတွဲဖက်စီမံခန့်ခွဲနိုင်သောကြောင့်
iStockEnterprise |
Essential |
Pro |
Business |
Inventory System |
✔ |
✔ |
✔ |
Barcode System |
✔ |
✔ |
✔ |
Gross Profit |
✔ |
✔ |
✔ |
Account Receivable and Payable |
✘ |
✔ |
✔ |
Special Features * |
✘ |
✔ |
✔ |
Multi-Currency |
✘ |
✔ |
✔ |
GLedger and Financial Reports |
✘ |
✔ |
✔ |
Payroll System |
✘ |
✔ |
✔ |
Management Dashboard |
✘ |
✔ |
✔ |
Customer Ordering (B2B) ** |
✘ |
✘ |
✔ |
Attendance System ** |
✘ |
✘ |
✔ |
Ecommerce ( B2C)*** |
✘ |
✘ |
✔ |
Max no. of Branches |
2 |
5 |
10 |
Min no. of Users needed to buy |
3 |
5 |
10 |
|
|
|
|
Monthly Price Per User |
40,000 |
50,000 |
60,000 |
Volume License Packages |
|||
10 Users |
N/A |
450,000 |
540,000 |
20 Users |
N/A |
N/A |
1,000,000 |
|
Cloud Server Type |
|
Up to 15 Users |
Shared (15-30 Customers) |
16-30 Users |
VPS T1- Virtual Private Server Type1 (2vCPU, 4GB Ram, 30 GB Storage, 50 GB data transfer++) ( OR ) VPS T2- Virtual Private Server Type2 ( 2vCPU, 8GB Ram, 50 GB storage, 100 GB data transfer++) (Shared by 2 customer) |
31-50 Users |
VPS T2- Virtual Private Server Type2 ( 2vCPU, 8GB Ram, 50 GB storage, 50 GB data transfer++) |
51 Users and above |
VPS T3- Virtual Private Server Type3 ( 4vCPU, 16GB Ram, 100 GB storage 100 GB data transfer++) |
|
အရောင်းအဝယ်လုပ်ငန်းတစ်ခုအတွက် အဓိကမရှိမဖြစ်ပါဝင်ရမည့် ကုန်အရောင်းနှင့်ပတ်သက်သော ကုန်ရောင်းအမှာစာရင်း၊ ကုန်အရောင်းစာရင်း ၊ ကုန်လဲပြန်ဝင်စာရင်း၊ ကုန်ပို့စာရင်း စသည့် စာရင်းများ၊ ကုန်အဝယ်ပိုင်းနှင့်ပတ်သက်သော ကုန်ဝယ်အမှာစာရင်း၊ ကုန်ဝယ်စာရင်း၊ ကုန်လဲပြန်ပို့စာရင်း၊ ကုန်လက်ခံစာရင်း စသည့် စာရင်းများအပြင် ကုန်ပစ္စည်းများ၏ အပ်ကုန်၊ ပေးကုန် စာရင်းများ စသည့် စာရင်းဇယားများကို အလွယ်တကူထည့်သွင်း၍ စနစ်တကျ ထိန်းချုပ်နိုင်မည့်စနစ် ဖြစ်ပါသည်။
လုပ်ငန်းတစ်ခုလုံး၏ ကုန်လက်ကျန်စာရင်း၊ ကုန်အဝင်အထွက်စာရင်းများကို အသေးစိတ်ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊ ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့သည့် စာရင်းများ၊ ကုန်စာရင်းညှိစာရင်းများ၊ ကုန်အသစ်ဆင်စာရင်းများအပြင် ကုန်ပစ္စည်တစ်မျိုးချင်းစီ၏ အကြမ်းအရှုံးအမြတ် စာရင်းများ စသည့်တို့ကို ထည့်သွင်းကြည့်ရှုစစ်ဆေးနိုင်မည့် စနစ်ဖြစ်ပါသည်။
လုပ်ငန်းတစ်ခုလုံး၏ ရရန်ရှိ /ပေးရန်ရှိ အကြွေးစာရင်းများ၊ ကြိုတင်ငွေစာရင်များ၊ ပေးငွေစာရင်များ၊ အကြွေးစာရင်း ရှင်းတမ်းများ၊ အကြွေးကန့်သတ်ချက်များ(Credit Limit)၊ Dute date အကြွေးတောင်းရန် ရက်ချိန်းပြည့်နေသော (သို့) ရက်ချိန်းကျော်နေသော အကြွေးစာရင်းများ စသည်တို့ကို ထည့်သွင်းကြည့်ရှုစစ်ဆေးနိုင်မည့်စနစ် ဖြစ်ပါသည်။
မိမိလုပ်ငန်း၏ ဝင်ငွေထွက်ငွေစာရင်း ၊ အသုံးစရိတ်စာရင်းများ(Income/Expense) ၊ ငွေလယ်ဂျာ/ဘဏ်လယ်ဂျာ စာရင်းများ၊ ကြိုတင်ငွေလယ်ဂျာစာရင်းများ ( Cash Book and Journal Entry ) ၊ လုပ်ငန်း၏ ပုံသေပိုင်ဆိုင်မှများ ( Fixed Assets ) ၊ တန်ဖိုးလျော့ပစ္စည်းများ၏ ငွေစာရင်းများ (Depreciation ) အပြင် အစမ်းရှင်းတမ်း၊ ( Trial Balance ) ၊ အရှုံးအမြတ်ရှင်းတမ်း၊ (Profit & Loss ) လချုပ်နှစ်ချုပ်ရှင်းတမ်းများ၊ ငွေကြေးလည်ပတ်မူ ရှင်းတမ်းများ အပြင် လက်ကျန်ရှင်းတမ်း ( Balance Sheet )များကို ကြည့်ရှုစစ်ဆေးနိုင်မည့် system ဖြစ်ပါသည်။
မိမိလုပ်ငန်းတွင် လွယ်ကူလျင်မြန်ဆန်စွာ ရောင်းချနိုင်ရန်အတွက် ဘားကုတ်စတစ်ကာများတွင် မိမိစိတ်ကြိုက် အချက်အလက်များ( ဥပမာ- ဈေးနူန်း၊ အမျိုးအမည်….) ထည့်၍ Print ထုတ်ပြီး စနစ်တကျထိန်းချုပ်နိုင်မည့် စနစ်ဖြစ်ပါသည်။
မိမိလုပ်ငန်း၏ အရောင်းအဝယ်များတွင် အသုံးပြုငွေအမျိုးအစားမှာ “ကျပ်” တစ်မျိုးသာမက USD, SGD, Yuan, Baht,..etc. စသည့် နိုင်ငံခြားငွေကြေးများ အသုံးပြုလျှင် Exchange Rate တိကျစွာထည့်သွင်းတွက်ချက်ပေးနိုင်မည့် စနစ် ဖြစ်ပါသည်။
ဝန်ထမ်းတစ်ဦးချင်းစီ၏ အခြေခံလစာ၊ အချိန်ပိုကြေး၊ အခြားသောရပိုင်ခွင့်များကို ထည့်သွင်းလုပ်ဆောင်နိုင်မည့် စနစ်ဖြစ်ပါသည်။
ဝန်ထမ်းများ၏ ရုံးတက်/ရုံးဆင်းချိန် များ၊ ခွင့်ရက်များ၊ ပျက်ရက်များကို အသေးစိတ်ထည့်သွင်းလုပ်ဆောင်နိုင်မည့် စနစ်ဖြစ်ပါသည်။
ဖောက်သည် (Customer) များမှ မိမိလုပ်ငန်း၏ B2B ပေါ်တွင် ရောင်ဈေးများ၊ Promotion အစီအစဉ်များ၊ ကုန်လက်ကျန်များကို ဝင်ရောက်ကြည့်ရှု၍ ၄င်းတို့ကိုယ်တိုင် တိုက်ရိုက် မှာယူနိုင်မည့် စနစ်ဖြစ်ပါသည်။
* စီမံခန့်ခွဲနိုင်သော Report အစီရင်ခံစာပေါင်း (၁၇၀) ကျော် ပါဝင်ပါသည်။